မြန်​မာနိုင်​ငံတွင်​ ပထမဆုံးအကြိမ်​ PUBG Mobile ဂိမ်းပြိုင်​ပွဲ ကျင်းပမည်

စုစုပေါင်း ဆုကြေး ကန်ဒေါ်လာ ၅,၀၀၀ (ကျပ် ၇၅ သိန်းကျော်) ပေးအပ်မည့် PUBG Mobile ဂိမ်းပြိုင်ပွဲကို Huawei ကုမ္ပဏီနှင့် Game Cast Network Myanmar တို့ပူးပေါင်း ကျင်းပမည်ဖြစ်သည်။

Huawei ကုမ္ပဏီက နှစ်သစ် ကူးချန်ပီယံပြိုင်ပွဲအဖြစ် ကျင်းပ ခြင်းဖြစ်ပြီး အသင်း ၁၆ သင်းဖြင့် PUBG မိုဘိုင်းဂိမ်းဗိုလ်လုပွဲကို စီစဉ်ခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲစီစဉ် သူများက ကြေညာထားသည်။

ပိုင်ပွဲစည်းကမ်းချက်များ နှင့် ပြိုင်ပွဲအသေးစိတ်အကြောင်း အရာများကို ဒီဇင်ဘာ ၁၈ ရက် တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း Game Cast Network Myanmar မှ ဦးဝေယံကျော်က ပြောသည်။

PUBG မိုဘိုင်းဂိမ်းသည် ၂၀၁၈ ဖေဖော်ဝါရီတွင် အသစ်ထွက်ရှိခဲ့သည့် ဂိမ်းဖြစ်သည်။ PUBG ကော်ပိုရေးရှင်းသည် ၂၀၁၇ မတ်လတွင် အွန်လိုင်းအ ခြေပြုတိုက်ခိုက်ရေးဂိမ်း PUBG ကို စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါ ဂိမ်းသည်တစ်ကမ္ဘာ လုံးရှိ ဂိမ်းကစားသူများနှင့် ချိတ် ဆက်ကစားနိုင်သည့် ဂိမ်းအမျိုး အစားဖြစ်ပြီး PUBG ဂိမ်းတစ်ပွဲ တွင် လူ ၉၉ ဦးပါဝင်ကစားကာ နောက်ဆုံးအသက်ရှင် ကျန်ရစ် သူများက အနိုင်ရသည်။

ref ; 7 Day News

Join-PUBG-Myanmar-Forum

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *